။ ဝေဠုဝန်ကို မမေ့ဘူး ။

☘️မင်းလှကနေ ပြန်လာပြီးနောက် 🌿🌿🌿 ။ 🌿မင်းလှမှာ အေဒီနှစ် ၁၉၈၀/၈၁ မှာ နေခဲ့တယ်။ အစက ပါဠိစာပေသင်ယူဖို့ မြောင်းမြမြို့၊ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်မှာ ပါဠိဘာသာအထူးပြုသင်ယူဖို့ပါပဲ။ အဲဒီမှာ မရောက်ဖြစ်ဘဲ မင်းလှကိုရောက်ခဲ့တယ်။ မင်းလှဝေဠုဝန်စာသင်တိုက်မှာ တစ်နှစ်နီးပါး နေခဲ့တယ်။ ။ 🌿အဲဒီတုန်းက စာသင်ပေးတဲ့ဆရာတော်က၁) ဆရာတော် ဥူးကုဏ္ဍလ( ဘုန်းတော်လေး – အများဒါယကာအခေါ်)၂) စာချဆရာတော် ဥူးပဏ္ဍဝံသ၃) ဥူးကဝိနန္ဒ တို့ပါ။ အထူးသဖြင့် ဆရာတော်ဘုန်းတော်လေးက အဘိဓမ္မာဘာသာရပ်ကို သင်ပေးပါတယ်။ အခြားသောဘာသာရပ်တွေက စာချဆရာတော် ဥူးပဏ္ဍဝံသက သင်ပေးပါတယ်။ ။ 🌿ဆရာတော်တို့ထံမှာ ပညာသင်ယူခွင့်အချိန်ကာလနည်းပါးကြပေမယ့် သင်ကြားလိုတဲ့ဘာသာရပ်တွေသင်ယူခဲ့ရလို့ပဲ ဝမ်းမြောက်မိပါလေရဲ့။ ဒီမှာမနေခင်က မန္တလေးစာသင်တိုက်ကြီးတွေမှာနေခဲ့ဖူးတော့ သင်ယူလိုတဲ့ဘာသာရပ်တွေ မစိမ်းပါဘူး။ ပျော်စရာပါပဲ။ ။ 🌿တစ်ခါတစ်လေ ဆရာတော်နဲ့ဆွမ်းစားအတူကြွဖူးပါတယ်။ မြို့ထဲမှာပေါ့။ တစ်ချိန်မှာ … Continue reading ။ ဝေဠုဝန်ကို မမေ့ဘူး ။